4G LTE ကွန်ရက်စနစ်ကို လက်ရှိဘဏ္ဍာနှစ်အတွင်း ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ၎င်းတို့၏ 4G LTE (Long Term Evolution) ကွန်ရက်စနစ်ကို မကြာမီကုန်ဆုံးတော့မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မတိုင်မီ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
ပြည်တွင်းမိုဘိုင်းဆက်သွယ်မှုစနစ်အတွက် ပိုမိုအထောက်အပံ့ပေးနိုင်မည့် အဆိုပါ 4G စနစ်ကို မိုဘိုင်းအင်တာနက် အသုံးပြုသူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံတချို့မှ အကူအညီများကို ရရှိထားကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ပိုမိုကောင်းမွန်သည့် အဆိုပါ ကွန်ရက်စနစ်ကို ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ လုပ်ငန်းစတင်ချိန်နှင့် တပြိုင်နက်တည်းတွင် အများပြည်သူအသုံးပြုနိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“4G စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာကကြာပါပြီ။ အရင်ကတည်းက လုပ်ဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ မကြာခင် သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးနိုင်တော့မှာပါ။ အဲ့ဒီအတွက် ပြည်ပက အကူအညီတွေလည်း ယူရပါတယ်။ ပိုပြီးအဆင့်မြင့်တဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လည်း ကြိုးစားနေကြပါတယ်” ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် မကြာခင်ရောက်ရှိတော့မည့် ၂၀၁၄-၂၀၁၅ ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်များတွင် ပြည်ပနိုင်ငံများမှ အကူအညီများကိုရယူပြီး မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်ကို နိုင်ငံတကာ ဝန်ဆောင်မှုနှင့် နှုန်းထားများအတိုင်းဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။
ယခုလက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှုများသည် နှေးကွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး သုံးစွဲသူများ၏ ဝေဖန်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်။

Ref:Internet Journal

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်