Posts

တယ်လီနော နှင့် Samsung ပူးပေါင်း၍ ဆင်းမ်ကဒ် နှင့် မိုဘိုင်းဟန်းဆက် တစ်ပါတည်း ဝန်ဆောင်မှုပေးမည်

Image
တယ်လီနောမြန်မာနှင့် Samsung Electronic တို့မှ ဈေျးနှူန်းသင့်တင့်သည့် ဆင်းမ်ကတ်ပါ မို ဘိုင်း ဟုန်းဆက်များအား အကျိုးတူပူးပေါင်း ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ ရှေ့လျှောက် ၍ အရောင်းမြှင့်တင်ရေးပူးပေါင်း ဆောင်ရွက်မှုများအား လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုများအတွက် နားလည်မှု စာချွန်လွှာ အားရန်ကုန်မြို့ တယ်လီနောရုံးချုပ် တွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းအနေဖြင့် ဆက်သွယ်ရေးကဏ္ဍအတွင်းတယ်လီနောနှင့် ဆမ်ဆောင်း၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများစွာအားစတင်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Petter Furberg ကပြောသည်။ " အခု လက်မှတ်ရေးထိုးပွဲကတော့ သမိုင်းမှတ်တိုင်စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍ မှာတယ်လီနော နဲ့ Samsung အတွက် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများစွာကိုစတင် လိုက်တာပါဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အတွက် ဆက်သွယ်ရေးဝန်ဆောင်မှု ကို Samsung နဲ့အတူ လက်တွဲဆောင်ရွက်ရမှာ ဝမ်းမြောက် မိပါတယ်" ဟု တယ်လီနောမြန်မာ CEO Mr. Pet...

ယခုနှစ်အတွင်း သတ္တုကိုယ်ထည် ဖုန်းကိုသာ မိတ်ဆက်ပေးမည်ဟု Samsung ကတိပြု

Image
ကုမ္ပဏီအနေဖြင့် လအနည်းငယ်အတွင်း screen အရွယ်အစား ကြီးမားသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဖုန်းအမျိုးအစား သစ်ကိုသာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Samsung Mobile မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံ သူများနှင့် လေ့လာဆန်းစစ်သူများထံ ပြောကြားခဲ့သည်။ အဆိုပါ အရွယ်ကြီး မားသည့် screen ပါဝင်သော ထုတ်ကုန်သည် Samsung ၏ နာမည်ကျော် Galaxy Note နောက်ဆုံးပေါ် အမျိုးအစား ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် လွန်ခဲ့သည့် လအနည်းငယ်က ထွက်ပေါ်ခဲ့သည့် သတ္တုဖြင့် ပြုလုပ်ထားသော ၄.၈ လက်မ Galaxy Alpha ထုတ်ကုန်ကိုလည်း သြဂုတ်လတွင် မိတ်ဆက်ပေး ဖွယ်ရှိသည်။ Samsung သည် Galaxy S5 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့သော်လည်း ကုမ္ပဏီ၏ အမြတ်ငွေမှာ ပြီးခဲ့ သည့်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော်လည်း S5 သည် S4 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရကြောင်း၊ စုစုပေါင်း စမတ်ဖုန်း ရောင်းချမှုနှုန်းသာ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း Samsung ကုမ္ပဏီကဆိုခဲ့သည်။ ထို့အပြင် Samsung သည် စွမ်းဆောင်ရည် အနိမ့်နှင့် အလယ်အလတ်ရှိသည့် ထုတ်ကုန်များကို ယခုနှစ် ကုန်ပိုင်းတွင် အဆင့်မြှင့်တင်ကာ မိတ်ဆက်ပေးမည်ဟု ကင်မ်ဟွန...

Animation ပုံစံလုပ်ရှားနေတဲ့ ပုံရိပ်များရိုက်ယူနိုင်တဲ့ Camera - AR Effect v3.027 APK

Image
ဒီ ကောင်လေးကတော့...3D animation ရုပ် လေးတွေ ပါတဲ့ ကင်မရာပါ။ ဓာတ်ပုံတွေ ၊ Videoတွေ ရိုက်ရင် လှုပ်ရှားနေတဲ့ အရုပ်လေးတွေနဲ့ အတူ..လှပပြီးထူးခြားတဲ့ ပုံလေးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီapkလေးကိုသိပြီးသားသူတွေလည်း ကြိုက်နှစ်သက်ကြမှာ သေချာပါတယ်။ လှုပ်ရှားနေတဲ့ အရုပ်လေးတွေကို မိမိလိုချင်တဲ့နေရာကို လက်နဲ့ အလွယ်တကူဆွဲယူပြိးတော့လည်း အသုံးပြုနိုင်ပါတယ်....။GET Moreဆိုတဲ့နေရာကို နှိပ်ပြီး နောက်ထပ်ရုပ်ပုံပေါင်းများစွာကိုလည်း download ဆွဲနိုင်ပါသေးတယ်...။ကျွန်တော်သုံးပြိးကြိုက်လို့ ပြန်ဝေငှလိုက်တာပါ..။ ဒီ apkနဲ့ မရင်းနှီးသေးတဲ့ သူငယ်ချင်းတွေအတွက်ပေါ့ဗျာ.....။သိပြိးသားသူငယ်ချင်းတွေလည်း လိုချင်ရင် Downloadဆွဲနိုင်တယ်......။      Dr.Mobile နှိပ်ပါ
Image
မြန်မာ့ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်း လည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိသတ်ကို အားနာလာတော့ များသောအားဖြင့် ပုံသိပ်မထည့်ဘဲ စာတွေရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကတ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများ ပျော်ကြလေသည်ပေါ့။  သို့ပေမယ့် အလေးထား ဂရုစိုက်ရမယ့် အချက်တွေ အများကြီး ရှိနေပါလျက်နဲ့ ကုလားပိုင်လို့၊ တရုတ်ပိုင်လို့ မသုံးဘူး အော်နေကြတာတွေကို တွေ့ရပါတယ်။ အထူးအလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေး တွေကို ရေးသားတင်ဆက် လိုက်ရပါတယ်ဗျာ။ အခုဆောင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါပဲ။ ဒါတွေကို သိထားကြပါသလား၊ လေ...

MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်

Image
MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန် ****************************** မြန်မာ့ဆက်သွယ်ရေးလုပ်ငန်၏ ရက်၃၀ ဖုန်းခေါ်ဆိုခ လျှော့ချမည့်အစီအစဉ်မှာ လှည့်ကွက်များရှိနေပါသည်။ အကြောင်းစုံကို ရှင်းပြပါမည်။ ဖုန်းနံပတ် သုံးခုကို MPTက မှတ်တမ်းတင်ထားမည်။ ထို ဖုန်းနံပတ်သုံးခုကို သင်က တစ်လအတွင်း မိနစ်၁၀၀ မသုံးနိုင်လျှင် သင့်ဘက်က အရှုံးပေါ်နေပါပြီ။ အလျှင်ဆုံး သင့်ဖုန်းထဲမှာ ငွေ၅၀၀၀ ရှိတယ်ဆိုပါတော့။ 1331ကို ADD 09.......... 1331ကိုADD 09........ 1331ကို ADD 09......... သုံးကြိမ် မက်ဆေ့ ပို့ရမည်။ ပို့ပြီးလျှင် သင့်ဖုန်းထဲမှ ၂၅၀၀ ကျပ် ချက်ချင်း ဖြတ်ယူသွားပါပြီ။ထို့ကြောင့် လက်ကျန်ငွေ၂၅၀၀ သာရှိပါတော့သည်။ ပြီးနောက် မှတ်တမ်းတင်ထားသော ဖုန်းနံပတ် တစ်ခုကို ခေါ်ကြည့်ပါ။ ၄မိနစ်ပြောကြည့်ပါ။ ငွေပြန်စစ်လျှင် ၂၄၀၀ ပဲကျန်ပါတော့မည်။ အလျှင်ဖြတ်ထားသော ၂၅၀၀ မှာဝန်ဆောင်ခ သက်သက်သာဖြစ်ပါသည်။ သင့်ဘက်က ၂၅၀၀ အရှုံးပေါ်နေပြီ။ မိနစ် ၁၀၀ ပြောမှသာ ထို၂၅၀၀ အတွက် အရင်းပြန်ရပါသည်။မပြောနိုင်လျှင် နာပြီသာမှတ်။ မသိလို့ ၂၅၀၀ အဖြတ်ခံရတော့ သာမန်ထက်ပိုပြီး ဖုန်းခေါ်မယ်။ အဲဒီတော့ ငွေဖြည့်ကဒ် ပိုရောင်းရတာပေါ့ဗျာ။ အင်တ...

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင် ရောင်းချပေးမည်

Image
Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ မည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။    ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့ နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။ ...
Image
အင်တာနက်ဂျာနယ်တွင်ပါရှိသည့် လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက် ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ iPhone သုံးစွဲသူများသည် သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင်သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထားမိနိုင်သော hidden feature များကို ဖော်ပြလိုက်ပါသည်။ (၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။ (၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။ (၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း “Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read...