ယခုနှစ်အတွင်း သတ္တုကိုယ်ထည် ဖုန်းကိုသာ မိတ်ဆက်ပေးမည်ဟု Samsung ကတိပြု

ကုမ္ပဏီအနေဖြင့် လအနည်းငယ်အတွင်း screen အရွယ်အစား ကြီးမားသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဖုန်းအမျိုးအစား သစ်ကိုသာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Samsung Mobile မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံ သူများနှင့် လေ့လာဆန်းစစ်သူများထံ ပြောကြားခဲ့သည်။ အဆိုပါ အရွယ်ကြီး မားသည့် screen ပါဝင်သော ထုတ်ကုန်သည် Samsung ၏ နာမည်ကျော် Galaxy Note နောက်ဆုံးပေါ် အမျိုးအစား ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် လွန်ခဲ့သည့် လအနည်းငယ်က ထွက်ပေါ်ခဲ့သည့် သတ္တုဖြင့် ပြုလုပ်ထားသော ၄.၈ လက်မ Galaxy Alpha ထုတ်ကုန်ကိုလည်း သြဂုတ်လတွင် မိတ်ဆက်ပေး ဖွယ်ရှိသည်။
Samsung သည် Galaxy S5 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့သော်လည်း ကုမ္ပဏီ၏ အမြတ်ငွေမှာ ပြီးခဲ့ သည့်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော်လည်း S5 သည် S4 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရကြောင်း၊ စုစုပေါင်း စမတ်ဖုန်း ရောင်းချမှုနှုန်းသာ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း Samsung ကုမ္ပဏီကဆိုခဲ့သည်။
ထို့အပြင် Samsung သည် စွမ်းဆောင်ရည် အနိမ့်နှင့် အလယ်အလတ်ရှိသည့် ထုတ်ကုန်များကို ယခုနှစ် ကုန်ပိုင်းတွင် အဆင့်မြှင့်တင်ကာ မိတ်ဆက်ပေးမည်ဟု ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့ သည်။
 Ref: TheVerge

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်