IOS နဲ့ Android ဖုန်းကိုင်ဆောင်သူများအတွက် Viber Version 5.1.0.1274 မှာ Public Chat ပါဝင်လာ

၂၀၁၄ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Viber က iPhone နဲ့ Android ဖုန်းတွေအတွက် Viber version အသစ် 5.1.0.1274 ကိုထပ်မံထုတ်ပေးလိုက်ပါတယ်။ အခု Viber ဗားရှင်းအသစ်မှာတော့ ဗီဒီယို message တွေကိုအချိန်ကြာကြာပိုပြီးရိုက်ပို့နိုင်ခြင်း နဲ့ Public Chat ပါဝင်လာခြင်း ၊ အရင် ဗားရှင်းတွေတုန်းက error တစ်ချို့ကိုပြန်လည်ပြင်ဆင်ပေးထားခြင်းစတဲ့ ပြောင်းလဲမှုတွေပြုလုပ်ပေးထားပါတယ်။ ယခုထပ်မံမိတ်ဆက်လိုက်တဲ့ Public Chat ဟာ နိုင်ငံအလိုက် နယ်ပယ်အသီးသီးက ထင်ရှားတဲ့လူ ၊ Brand တစ်ချို့ရဲ့ Public Chat ကဏ္ဍတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ Public Chat ကို Follow လုပ်ထားရုံနဲ့ ယင်း Public Chat ထဲမှာပါဝင်သူတွေရဲ့ ပြောဆိုတာတွေ ၊ သတင်းအချက်အလက်တွေကိုတွေ့မြင်ရရှိမှာဖြစ်ပါတယ်။ သာမန် user ကတော့ Public Chat ကိုဖန်တီးလို့မရနိုင်သေးပါဘူး။ Public Chat ကိုပြုလုပ်ထားသူတွေအနေနဲ့ မိမိတို့ရဲ့ Public Chat မှာပါဝင်ဆွေးနွေးဖို့ လူအရေအတွက် ၉၉ ယောက်အထိထည့်သွင်းနိုင်တယ်လို့သိရပါတယ်။ ယင်း Public Chat ကို Follow လုပ်ဖို့ users အရေအတွက်ကတော့ ကန့်သတ်ထားခြင်းမရှိပါဘူး။ မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ လောလောဆယ် Public Chat ထဲမှာ  Samsung Myanmar, Telenor ,တင်မိုးလွင် စတဲ့ Public Chat တွေကိုတွေ့မြင်ရမှာဖြစ်ပြီး ယင်း Public Chat များကို Follow လုပ်ထားနိုင်ပါတယ်။ iPhone နဲ့ Android ဖုန်းတွေအတွက် Viber version အသစ် 5.1.0.1274 ကိုရယူလိုတယ်ဆိုရင်တော့ အောက်က link မှာရယူနိုင်ပါတယ်။


Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်