MPT ငွေဖြည့်ကတ် သုံးစွဲသူများအတွက် အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း မိမိတို့ဖုန်းကို ကြိုတင်ငွေဖြည့်သွင်းပါက ထပ်တိုးအပိုငွေများ ထပ်မံဖြည့်သွင်းပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ယင်းကာလ အတွင်း ငွေကျပ် ၅,ဝဝဝ ဖြည့်သွင်းသုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့် အထက် ဖြည့်သွင်းသုံးစွဲပါက ၃ဝ ရာခိုင်နှုန်းထပ်တိုး အပိုဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆင်းမ်ကတ်များ ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်း ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ ၁ ရက်မှစတင်၍ ၁,၅၀၀ ကျပ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆင်းမ်ကတ် များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Internet Journal

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်