မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ်များအတွက် ကြိုတင်ငွေဖြည့်ကတ် ငါးထောင်ထည့်လျှင် ၄၀ ရာခိုင်နှုန်း ကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေသည်ကို စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်။  (ဓာတ်ပုံ – ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။
“ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်” ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေးသည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။
လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်