ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ

အကောင်းဆုံးကတော့ မိမိဖုန်းဝယ်စဉ်ကပါလာတဲ့ original adaptor ပါ... အပြင်မှာ လွယ်ကူစွာ ၀ယ်လို့ရတဲ့ adaptor တွေရှိပေမယ့် မူရင်းကိုတော့မမီပါဘူး.. နောက်ပြီး နံရံက socket ကမဟုတ်ဘဲ ကွန်ပျူတာ လက်တော့တွေရဲ့ usb hub တွေကနေ အားသွင်းတာ ကိုလည်းရှောင်ကျဉ်သင့် ပါတယ်။ဘာလို့လဲဆိုတော့Battery ရဲ့ Speed ကို ကျဆင်းစေလို့ပါ 

airplane mode ကို ဖွင့်ထားပြီးအားသွင်းတာကလည်း အားပြည့်မြန်စေပါတယ်။.. notification bar လေး ကနေ onနိုင်သလို  power button ကို ဖိထားပြီးပေါ်လာတဲ့အကွက်ထဲကနေ on နိုင်ပါတယ်။

 


 

 တကယ်လို့ ဖုန်းသုံးဖို့ မလိုအပ်တဲ့အချိန်မှာဆိုရင် ပါဝါကို ပိတ်ပြီးအားသွင်းတာဟာ အကောင်းဆုံးပါပဲ...
အားပြန်ပြည့်တာအလွန်မြန်ဆန်ပါတယ်။

မလိုအပ်တဲ့appများကိုပိတ်ထားခြင်း


ဖုန်းရဲ့နောက်ကွယ်မှာ run နေတဲ့ app process တွေကလည်း အားစားပါတယ်...ထို့အတူ အားသွင်းချိန် ကိုလည်းကြန့်ကြာစေပါတယ် ဥပမာ Bluetooth,GPS,Wifi,NFC စသဖြင့်ပါ။ ဒါလေးတွေပိတ်ပြီး အားသွင်း ရင်လည်းအကျိုးရှိပါတယ်...တကယ်တော့အသေးအဖွဲလေးပါ။ ဒါပေမယ့်အသုံးဝင်တဲ့အသေးအဖွဲလေးတွေ ပါ။ 
 ဖုန်းမှာအားစားများတာကတော့ Screen ပါ..ဖုန်းအားသွင်းနေစဉ်မှာ Screen ကို မပွင့်စေခြင်းကလည်း မိမိ
ဖုန်းကိုအားပြည့်မြန်ပါစေတယ်..
ဒါတွေကတော့ မိမိဖုန်းဘက်ထရီကို အားသွင်းရာမှာ သတိထားသင့်တဲ့အချက်ကလေးတွေဖြစ်ပါတယ်

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်