လန်ဒန်မြို့ Queen Mary တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အသံကို လျှပ်စစ်အားအဖြစ် ပြောင်း လဲနိုင်မယ့် နည်းစနစ် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသံနဲ့ ဖုန်းအားသွင်းနိုင်မယ့် ကိရိယာကို Nokia ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကြပါတယ်။
အသံနဲ့ ဖုန်းအားသွင်းတဲ့ ကိရိယာမှာ zinc oxideရဲ့ အစွမ်းသတ္တိက အဓိကပါပဲ။ အဲဒီကိရိယာထဲမှာ အဆမ တန်သေးငယ်တဲ့ သတ္တုချောင်းလေးတွေ ပါဝင်ပြီး အသံရဲ့ တုန်ခါမှုကြောင့် သတ္တုချောင်းလေးတွေ ရွှေ့လျား သွားတဲ့အခါ zinc oxide မျက်နှာပြင်ကို ထိခတ်မိရာကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ 
အဲဒီအတွက် ကားပေါ်က ဆူညံသံတွေ၊ လက်ဘက်ရည်ဆိုင်ထဲက တေးဂီတသံတွေ၊ စကားသံတွေကနေ ဖုန်းကို အားသွင်းနိုင်တော့မှာပါ။ Queen Mary တက္ကသိုလ်နဲ့ Nokia ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အသံနဲ့ အားသွင်းစက် နမူနာဟာ Nokia Lumia 925 အရွယ်အစားရှိပြီး ဗို့အား ၅ ထုတ်လုပ်ပေးနိုင် တယ်လို့ သိရပါတယ်။ အသံနဲ့ အားသွင်းနိုင်မယ့် နည်းစနစ် တွေ့ရှိပြီးတဲ့နောက်မှာ ဖုန်းအပြင် Laptopနဲ့ တခြားလျပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသံနဲ့ အားသွင်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။
 
(ရိုးရာလေး)

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်