Starbicks တွင် ကော်ဖီသောက်ရင်းကြိုးမဲ့စနစ်ဖြင့် ဖုန်းအားသွင်းနိုင်မည်

Starbucks တွင် ကော်ဖီသောက်ရင်း ကြိုးမဲ့စနစ်ဖြင့် ဖုန်းအားသွင်းနိုင်မည်


 ကော်ဖီဆိုင်များတွင် ဖုန်းများကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သော Starbucks သည် ယခုအခါ ၎င်း ကတိပေးထားသည့်အတိုင်း ဆန်ဖရန်စစ္စကိုမြို့ရှိ ဆိုင်ခွဲများတွင် Powermat အားသွင်းစက်များကို စတင်အသုံးပြုခဲ့သည်။
အဆိုပါ Powermat အားသွင်းစက်ကို Starbucks နှင့် Duracell တို့ ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်သည်။ Powermat အားသွင်းစက်များကို စားပွဲများနှင့် ကောင်တာများတွင် တပ်ဆင်ထားပြီး သုံးစွဲသူများ အနေဖြင့် တွဲဖက် အသုံးပြုနိုင်မည့် ထုတ်ကုန်များကို ၎င်းအားသွင်းစက်နှင့် ချိတ်ဆက်ကာ ဘက်ထရီ အားပြန်သွင်းနိုင်မည် ဖြစ်သည်။ Powermat အားသွင်းစက်ကို iPhone နှင့် Samsung Galaxy ထုတ်ကုန်များအပါအဝင် ထုတ်ကုန်အများအပြားဖြင့် အသုံးပြုနိုင်သည်။

အထက်ပါ ကြိုးမဲ့အားသွင်းစနစ်ကို လာမည့်နှစ်တွင် အမေရိကန်ရှိ အဓိက ဈေးကွက်များထံ တိုးချဲ့ပြုလုပ်သွားမည် ဖြစ်ပြီး နောက် ၁၂ လအတွင်း ဥရောပနှင့် အာရှနိုင်ငံ အချို့၌ အသုံးပြုရန် စီစဉ်ထားကြောင်း Starbucks က ပြောကြားခဲ့သည်။

Ref & Creidt: Internet Journal

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်