"နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို"

နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင်
MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းမှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က
လည်း အဆင်သင့်ဖြစ်နေမှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။</p>
လက်ရှိတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားသည့် Telenor နှင့် Ooredoo ကုမ္ပဏီများသည် ၎င်းတို့ ရောင်းချမည့် မိုဘိုင်းဖုန်း၏အင်တာနက်မြန်နှုန်းကို လက်ရှိဆက်သွယ်ရေးမှ ရောင်း သည့် မြန်နှုန်း ထက်ပိုမိုမြန် ဆန်မည် ဟု ပြောဆိုထားပြီး Telenor ကုမ္ပဏီသည် မိုဘိုင်းအင်တာနက်မြန်နှုန်းကို 1M အထိ ထားရှိမည်
ဟု ယင်းကုမ္ပဏီမှ သိရသည်။ မြန်နှုန်းကောင်းဖို့အတွက်တော့ အကောင်အထည်ဖော် ဆောင် ရွက်နေပါပြီ။ မြန်နှုန်းဘယ်လောက်အထိ တိုးမြှင့်မလဲဆိုတာကတော့ လတ်တလောအနေအထားအရ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
GSM ဖုန်းများကို တစ်ဦးချင်းသုံးစွဲမှု အဖြစ် 200kbps CDMA 800 MHz နှင့် WCDMA 3G စနစ်ဖုန်းများကို 512 kbps ပေးထားကြောင်း ၎င်းကဆက်ပြောသည်။
<p>လက်ရှိ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းအင် တာနက်မြန်နှုန်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ သုံးစွဲသူကိုမင်းမင်းက ” CDMA 800 အင်တာနက်မြန်နှုန်းကတော့<br>
သုံးရတာ အဆင်ပြေပေမယ့် မကြာခဏတော့လိုင်းကျတာမျိုးရှိပါတယ်။
<p>ဂျီအင်တာနက်ကတော့ စိတ်ပျက်စရာကောင်းလောက် အောင်ဖြစ်ရတယ်။ တစ်ခါတစ်ခါဆိုရင်လွင့်ပစ်ချင် စိတ်တောင်ပေါက်မိတယ်”ဟုပြောသည်။<br>
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများတွင် အင်တာနက် ထည့်သွင်းအသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ကျပ်ငါးသိန်းတန် CDMA 800 MHz
ဖုန်းများမှ စတင်ခဲ့ပြီး အင်တာနက်သုံးစွဲခ တစ်မိနစ်လေးကျပ်နှုန်း ကောက်ခံခဲ့သည်။ ထို့နောက် GSM ဖုန်းနှင့်
WCDMA ဖုန်းများကို သုံးစွဲ ခွင့်ထပ်မံပေးခဲ့ပြီး GSM ဖုန်း၏ အင်တာ နက်သုံးစွဲခကို တစ်မိနစ်နှစ်ကျပ်၊ WCDMA ဖုန်းကို တစ်မိနစ်လေးကျပ် ကောက်ခံနေကြောင်း သိရသည်။

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်