လူ့ကျင်ငယ် ရေမှ ဓာတ်အား ထုတ်ယူ အသုံးပြုမည့် စမတ်ဖုန်း ထွက်ပေါ် လာရေး ဘီလ်ဂိတ် ဖောင်ဒေးရှင်း ရန်ပုံငွေ ထောက်ပံ့

ရေ အရင်းအမြစ် ရှားပါးသော ဒေသများတွင်ပါ အလွယ်တကူ အသုံး ပြုနိုင်မည့် ဖုန်းဘက်ထရီမျိုး ထွက် ပေါ်လာရေး အတွက်
ဘီလ်ဂိတ် နှင့် ၎င်း၏ဇနီး မလင်ဒါဂိတ် တို့ထူထောင် ထားသည့် ဘီလ်နှင့် မလင်ဒါ
ဂိတ်ဖောင်ဒေးရှင်း က ရန်ပုံငွေထူ ထောင်ပေး ထားပြီဖြစ်ကြောင်း သိရ သည်။ လူက ထွက်သည့် ကျင်ငယ် ရေကို အသုံးပြုမည့် ဘက်ထရီစနစ် ကို စမ်းသပ် တီထွင် နေကြခြင်း ဖြစ်သည်။ လူသားများ ၏ စွန့်ပစ် အညစ် အကြေးများကို အသုံးပြု ကာ လူသားများ အတွက် အကျိုးပြု နိုင်မည့် စွမ်းအင်တစ်မျိုးမျိုး ထုတ်ယူရေး ဟူသော ရည်ရွယ်ချက် ဖြင့် ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းက ရန်ပုံငွေများ ထောက်ပံ့ လျက်ရှိနေသည်။
ရန်ပုံငွေကို အသုံးပြု၍ အင်္ဂလန် ရှိ ဘရစ်စတိုမြို့ ဘရစ်စတို စက်ရုပ် နည်းပညာ သုတေသန စင်တာတွင် စမ်းသပ် ကြိုးပမ်း နေကြခြင်း ဖြစ် သည်။ ထိုစင်တာမှ သုတေသန သမား များသည် လူ့ကျင်ငယ် ရေဖြင့် ဖုန်းများ အားသွင်း နိုင်မည့် စနစ်ကို ဖောင်ဒေးရှင်း သို့ တင်ပြခဲ့ရာ အောင်မြင်မှု ရှိသဖြင့် ဆက်လက် စမ်းသပ် ရန် ရန်ပုံငွေ ရရှိခဲ့ခြင်း ဖြစ်သည်။
ဖုန်းတွင် ထည့်သုံး နိုင်လောက် အောင် သေးသယ် သော ဘက်ထရီ မျိုး ထုတ်လုပ် နိုင်သည် အထိ ကြိုးပမ်း သွားကြမည် ဖြစ်သည်။ ဘက်ထရီ အတွင်း အဏုဇိဝ ပိုးမွှားများ ထည့်သွင်း ထားသည်။ ထိုပိုးမွှားများ သည် လူ၏ ကျင်ငယ်ရေ ထည့်သွင်း ပေးလိုက်ပါက ကျင်ငယ်ရေ ကို ၀ါးမြို ချေဖျက်ကာ စွမ်းအင်ကို ပြန်ထုတ် ပေးသည်။ ထိုစွမ်းအင် ကို လျှပ်စစ် ဓာတ်အား အဖြစ် ပြောင်းယူခြင်း ဖြစ်သည်။ လူသား စွမ်းအင်ကို အပြည့် အ၀ အသုံးချခြင်း ဖြစ်သည်ဟု ဓာတ်ခွဲခန်း သုတေသန အဖွဲ့က ပြောသည်။


Ref: Shwe Myanmar Group.org

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်