ဘောင်းဘီအိပ်ကပ်ကို ဘက်ထရီအဖြစ်ပြောင်းပေးမယ့် Vodafone

ဗြိတိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ဆိုသတဲ့။ ဂျင်းဘောင်း ဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်း မယ်လို့ ဆိုပါ တယ်။
ဒီအတွက် ဘက်ထရီအတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီ အတွက် ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။ သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကို ဘာလို့ တင်ပါးမှာ လုပ်ရ သလဲလို့ မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ် ထွက်တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီး အဆင်ပြေစေ မတဲ့လေ။
ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။
 
Ref: techblog

အောင်ခမ်း (www.smart.com.mm)

Ref:Smart Pro Journal

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်